ဒီနှစ်အတောအတွင်း ဆက်သွယ်ရေးကဏ္ဍဟာ အရှိန်အဟုန်နဲ့ တိုးတက်လာသလို မိုဘိုင်းဖုန်းများလဲ အသုံးပြုမှုများလာပြီး ကိုယ်ပိုင်ရွေးချယ်ခွင့်အရ စိတ်ကြိုက် အော်ပရေတာကို လွတ်လပ်စွာအသုံးပြုလာနိုင်ခြင်းပဲ ဖြစ်ပါတယ်။

Drone ဈေးကွက်ထဲက DJI Phantom 4 နဲ့ GoPro Karma ကိုနှိုင်းယှဉ်ကြည့်တဲ့အခါ
တိုးတက်လာတဲ့နည်းပညာအသစ်အဆန်းတွေအရ ပေါ်ပေါက်လာခဲ့တဲ့ Drone တွေကို လူအများ စိတ်ဝင်စားလျက်ရှိကြပါတယ် ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ Drone တွေကို ဓာတ်ပုံတွေ Video တွေရိုက်ဖို့သာမကပဲ တစ်နေရာက တစ်နေရာကို ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့အတွက်ပါ အသုံးပြုလာကြတာ တွေ့ရပါတယ် ။ နည်းပညာဈေးကွက်ထဲက Drone တွေကို လေ့လာကြည့်မယ် ဆိုရင်တော့ စိတ်ဝင်စားစရာ Drone နှစ်ခုကို တွေ့နိုင်ပါလိမ့်မယ် ။ အဲဒါတွေကတော့ DJI Phantom 4 နဲ့ GoPro Karma တို့ပဲဖြစ်ပါတယ် ။

Google ၏ Pixel XL ကို iPhone 7 Plus , Galaxy Note 7 တို့နှင့် နှိုင်းယှဉ်ကြည့်ခြင်း
မနှစ်က San Francisco မှာပြုလုပ်ခဲ့တဲ့ Google October Event 2016 မှာ Pixel နဲ့ Pixel XL ဖုန်းတွေကို ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ် ။ Pixel က ပုံမှန် 5-inch full HD screen နဲ့ထွက်ရှိလာတာ ဖြစ်ပေမယ့် Pixel XL ကတော့ phablet-sized 5.5-inch Quad HD screen နဲ့ထွက်ရှိလာတာ ဖြစ်ပါတယ်။

Samsung Galaxy S8 နဲ့ Xiaomi Mi 6 ကို နှိုင်းယှဉ်သုံးသပ်ကြည့်ခြင်း
Galaxy S8 နဲ့ Mi 6 ဟာ Samsung နဲ့ Xiaomi တို့ရဲ့ အကောင်းဆုံး စမတ်ဖုန်းများ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ S8(64GB) ရဲ့ ဈေးနှုန်းဟာ ၁၀ သိန်း ၅ သောင်း ၀န်းကျင်ရှိပြီး Mi 6 (64GB )ကတော့ ၅ သိန်း ၅ သောင်း ၀န်းကျင်သာရှိတဲ့အတွက် ထက်ဝက်ခန့် ဈေးကွာခြားပါတယ်။ Specifications များကတော့ သိပ်ကွာခြားမှု မရှိတဲ့အတွက် တန်ဖိုးကြီးတဲ့ S8 ဟာ ရွေးချယ်သင့်ရဲ့လား ? S8 ရဲ့ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ စွမ်းရည်များက ဒီဈေးကို ပေးဖို့ တန်ရဲ့လား? အဲဒီ မေးခွန်းတွေရဲ့ အဖြေကို ဒီ Comparison မှာ သင်ရှာတွေ့နိုင်ပါတယ်။

Samsung Galaxy S8 နဲ့ S8+ ကို LG G6 နှင့် နှိုင်းယှဉ်ကြည့်ခြင်း
တောင်ကိုရီးယား အခြေစိုက် ကမ္ဘာကျော် နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Samsung နဲ့ LG တို့ဟာ စမတ်ဖုန်း လောကမှာလည်း ထိပ်သီးကုမ္ပဏီတွေလို့ ပြောနိုင်ပါတယ်။ အခု (၂၀၁၇) ခုနှစ်မှာလည်း LG က နောက်ဆုံး ပေါ် flagship စမတ်ဖုန်း G6 ကို ထုတ်လုပ်ထားသလို Samsung ကလည်း မကြာခင်ကမှ ၄င်းရဲ့ နောက်ဆုံးပေါ် flagship စမတ်ဖုန်း တွေဖြစ်တဲ့ Galaxy S8 နဲ့ S8+ ကိုထုတ်လုပ်ထားပါတယ်။

MWC က ထိပ်တန်းစမတ်ဖုန်းတွေရဲ့ specs နှိုင်းယှဉ်ချက်များ
စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၂၆) ရက်နေ့ကနေ မတ်လ (၂) ရက်နေ့ထိ Mobile World Congress (MWC) 2017 ဆိုတဲ့ ကမ္ဘာကျော် နည်းပညာပြပွဲကြီးကို တခမ်းတနား ကျင်းပပြုလုပ်ခဲ့ပါတယ်။

HTC U Ultra ကို iPhone 7 Plus နှင့် နှိုင်းယှဉ် ကြည့်တဲ့အခါ
HTC ရဲ့2017 flagship စမတ်ဖုန်း အဖြစ်ထွက်ရှိလာခဲ့တဲ့ ဒီဖုန်းဟာ 2016 flagship စမတ်ဖုန်းတွေထက် ဘာတွေထူးခြားလာသလဲဆိုတာကို သိနိုင်ဖို့ newatlas website က 2016 ခုနှစ်အတွင်းက အကောင်းဆုံး စမတ်ဖုန်း တစ်လုံးလို့ပြောလို့ရတဲ့ Apple ရဲ့ နောက်ဆုံးထွက် iPhone 7 Plus နဲ့ နှိုင်းယှဉ်ပြထားပါတယ်။ ဘာတွေကွာခြားလဲဆိုတာ လေ့လာကြည့်ရရင် …

အကောင်းစား စမတ်ဖုန်း ကင်မရာ ၃ ခုကို နှိုင်းယှဉ် သုံးသပ်ခြင်း
စမတ်ဖုန်းကင်မရာများဟာ အဆင့်မြင့်လာကြပြီး ရုပ်ရှင်၊ ဗီဒီယိုတွေကိုတောင် ရိုက်ကူးလာကြပါတယ်။ စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီများကလည်း ကင်မရာ စွမ်းရည်ကို ပြိုင်ဘက်များထက် သာအောင် အပြိုင်အဆိုင် တီထွင်လာကြပါတယ်။ အခုဆိုရင် အနောက်ကင်မရာ ၂ လုံး ပူးတွဲ တပ်ဆင်ထားတဲ့ စမတ်ဖုန်းများ ခေတ်စားနေပါတယ်။ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများဖြစ်တဲ့ Apple iPhone 7 Plus, Google Pixel နဲ့ LG V20 တို့ကို ကာလရှည်ကြာ စမ်းသပ်ကိုင်တွယ်ခဲ့ပြီး အဒီအထဲက အကောင်းဆုံး စမတ်ဖုန်း ကင်မရာကို ရွေးထုတ်ပြချင်ပါတယ်။

Google Pixel XL နဲ့ Samaung Galaxy S7 Edge တို့ရဲ့ ကင်မရာ နှိုင်းယှဉ်ချက်
လက်ရှိ နည်းပညာလောကထဲက စမတ်ဖုန်းအသုံးပြုသူတွေဟာ စမတ်ဖုန်းတစ်လုံးကို ရွေးချယ်တဲ့အခါ ကင်မရာပိုင်းကို အသားပေး ရွေးချယ်လာကြတဲ့အလျောက် Google ရဲ့ စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Pixel ဖုန်းတွေမှာ ကင်မရာပိုင်း စွမ်းဆောင်ရည်ကို ထူးထူးခြားခြား မြှင့်တင်ထားတာတွေ့ရပါတယ်။ Google ဖုန်းတွေ မထွက်ခင်က Samsung Galaxy S7 edge ရဲ့ ကင်မရာအရည်အသွေးက Android ဖုန်းလောကကို ဦးဆောင်နေခဲ့ပါတယ်။ Google ရဲ့ Pixel XL စမတ်ဖုန်းကလည်း ကင်မရာ အရည်အသွေးအထူးကောင်းမွန်တဲ့ အတွက် Samsung Galaxy S7 edge နဲ့ နှိုင်းယှဉ်ကြည့်စရာ ဖြစ်လို့နေပါတယ်။ ဒီတော့ Pixel XL နဲ့ Galaxy S7 edge တို့ရဲ့ ကင်မရာပိုင်း နှိုင်းယှဉ်ချက်တွေကို လေ့လာကြည့်ချင်ပါတယ်။